ကျိုက်ဒုံ နိုဝင်ဘာ ၁၅

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝက်ဒုံကျေးရွာနေ တောင်သူ ဦးတင်ဝင်း၏ မိုးစပါး  ဆင်းသုခစပါးမျိုး၊ မျိုးစေ့ထုတ်စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တစ်ဧက စိုက်ကိုယ်စားပြု ကောင်း၊ သင့်၊ ညံ့ အထွက်နှုန်း (၇၈.၁၂)တင်း၊ ပျှမ်းမျှ အစိုနို့ဆီဘူး (၁၀) ဘူး ထွက်ရှိခဲ့ပါသည်။

 

ယခု စံကွက်ရိတ်သိမ်းသော စံကွက်ကို နမူနာယူပြီး ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ လိုက်နာဆောင်ရွက်ပါက အထွက်နှုန်းပိုမို ထွက်ရှိလာနိုင်ကြောင်း ရည်ရွယ်ချက်ဖြင့် စံကွက် ရိတ်သိမ်းရခြင်းဖြစ်ကြောင်း ကျိုက်ဒုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်ထံမှ သိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်