ပေါက်ခေါင်း   နိုဝင်ဘာ   ၁၅
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ခရိုင်၊ပေါက်ခေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများအား ရပ်ကွက် ကျေးရွာအရောက် ကွင်းဆင်းရွက်ပေးခဲရာ ယနေ့နံနက်က အမှတ်(၅)ရပ်ကွက်သို့ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်ရှိ အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားကတ် ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးမြင့်စိုးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်များနှင့်အိမ်ထောင်စုစာရင်းများပြုလုပ်ပေးခဲ့သည်။

လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု(၅၈)အုပ်စုမှ ပြည်သူ(၄၇၃၄)ဦးအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေး ရန်လျာထားလျက်ရှိကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)