မကွေး နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် အခမ်းအနားကို တက်ရောလာကြသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


