တပ်ကုန်း     နိုဝင်ဘာ      ၁၅

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့‌ နံနက် ၁၀နာရီက  ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ အဆိုပါဦးစီးဌာနရှိ(Community  Centre) ခန်းမတွင် ကျင်းပခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင် ၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေး တို့က ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ၊ ကလေးအလုပ်သမား ပပျောက်ရေး ကဘာကြောင့် အရေးကြီးတာပါလဲ၊ ဘာကြောင့်ကလေးအလုပ်သမားတွေ ရှိနေရတာလဲ၊ မြန်မာ နိုင်ငံတွင် ကလေးအလုပ်သမားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေများအကြောင်း၊ ကလေး အလုပ်သမားတွေကို အလုပ်ခိုင်းစေတဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ၊  အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံရတဲ့ကလေးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားတွေ လျော့ချဖို့ ဆောင်ရွက်သင့်တဲ့နည်းလမ်းများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ 

     

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်  တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)