စစ်တွေ နိုဝင်ဘာ ၁၅


ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာကြောင်း သိရသည်။


ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး Sinovac များကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့တပ်မတော်လေယာဉ်များဖြင့် Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်ပို့ ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


ထို့သို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အလုံးအရေအတွက် (၉၄၄၅)လုံးနှင့် ဆေးထိုးအပ် (၁၈၈၉၀) ချောင်းနှင့် သံတွဲမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အလုံးအရေအတွက် (၃၀၀၀၀) နှင့် ဆေးထိုးအပ် (၆၀၀၀၀‌) တို့အား တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာရာ မြို့နယ်အလိုက် တာဝန်ရှိသူများက လက်ခံရရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း အခြားမြို့နယ် အသီးသီးသို့ ဆက်လက် ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)