မြောက်ဦး နိုဝင်ဘာ ၁၅


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက် ရှိလာပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန်ရည်ရွယ်၍ မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ လက် ထောက် မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များမှ  မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ် ကွက်များသို့ သွားရောက်ပြီး လှည့်လည်အသိပေးဆော်သြခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် များက မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များဖြစ်သော  နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာ ကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ နေအိမ် များတွင် မီးလောင်ကျွမ်းမှုဖြစ်စေတတ်သော လောင်စာဆီများသိုလှောင်ခြင်းမပြုကြရန်၊ အိမ်တွင် တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအား အသုံးမပြု ကြရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တ ကျမီးငြိမ်းသတ်ကြရန်စသောအချက်များနှင့် မီးလောင်မှု/မီးလန့်မှုများဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း ချက်ချင်းအကြောင်းကြားကြရန်စသည်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင် ရန်အတွက် အသိပေးနှိုးဆော်ခဲ့ပြီး အဆိုပါမီးဘေးအန္တရာယ် အသိပေးနှိုးဆော်ခြင်းအား အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။


ခင်မောင်ထွန်း(ပြန်/ဆက်)