မိုင်းယောင်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး လာရောက် ထိုးနှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ထိုသို့ထိုးနှံရာတွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ အထက်တန်းအဆင့် ကျောင်းသား သုံးဦးနှင့် ကျောင်းသူ နှစ်ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၁၈ ဦးနှင့် ကျောင်းသူ ၁၉ ဦးတို့အား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac)များ ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


