ဟနွိုင်း နိုဝင်ဘာ ၁၆
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၆၁၆ ဦးထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
၎င်းတို့အနက် ၈၆၀၃ ဦးမှာ ပြည်တွင်း၌ ရောဂါကူးစက်ခံရသူများဖြစ်ပြီး ၁၃ ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်ကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း၌ လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို တွေ့ရှိခဲ့ရပြီး ဟိုချီမင်းစီးတီး၌ ၁၁၆၅ ဦး၊ အန်ဂိုင်းပြည်နယ်၌ ၆၆၀ နှင့် ဘင်ဒေါင်းပြည်နယ်၌ ၆၁၆ ဦးတို့ကို အသီးသီးတွေ့ရှိခဲ့သည်။
လက်ရှိအချိန်၌ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၃၅၁၃၈ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၃၁၈၃ ဦးရှိကာ ရောဂါမှပြန်လည်ကျန်းမာ လာသူပေါင်း ၈၆၄၅၁၆ ဦးရှိကြောင်း သိရသည်။
နိုင်ငံအတွင်းလက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ နီးပါးကို ထိုးနှံပြီးစီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိအချိန်၌ ပြည်တွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၃၀၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ