ကြံခင်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၅ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်နှင့် ကြံခင်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်တို့က အမှာစကားပြောကြားပြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်တန်းသူများအနေဖြင့် သင်တန်းကသင်ကြားပေးသော အတက်ပညာများကို စဉ်ဆက်မဖြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်ရန် ကြိုးစား သင်ယူသွားကြစေလိုကြောင်း၊ သင်တန်းတွင် ကျွမ်းကျင်ပညာရှင် နည်းပြဆရာမများဖြင့် စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး လိုအပ်သော သင်ထောက်ကူပစ္စည်းများလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းကို ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၆)ရွာမှ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၂၀)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုကျော်


