ဆိပ်ဖြူ   နိုဝင်ဘာ   ၁၆

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင် တည်ဆောက်လျက်ရှိသည့် Oxygen Plant အတွက် စက်ပစ္စည်းများ နိုဝင်ဘာ ၁၅ ရက်က ရောက်ရှိခဲ့သည်။

 

အဆိုပါ Oxygen Plant အတွက် စက်ပစ္စည်းများကို မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး  မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများနှင့် Oxygen လိုအပ်သော လူနာများ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ Oxygen Plant အတွက် စက်ပစ္စည်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် Oxygen Plant တည်ဆောက်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း၊ Oxygen Plant စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပါက တစ်နာရီလျှင် ၄ဝ လီတာအိုး ငါးလုံး ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဇွဲ(အညာမြေ)