ကလိန်အောင်   နိုဝင်ဘာ   ၁၆

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ကို နိုဝင်ဘာ ၁၆ ရက်တွင်  အထက-ကလိန်အောင် ကျောင်းခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလိန်အောင်မြို့  အခြေခံပညာအထက်တန်းကျောင်း စုရပ်၌ အသက် ၁၂ နှစ် ပြည့်ပြီးသော အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၆၈ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၈ ဦး စုစုပေါင်း ၁၉၆ ဦးတို့အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ကို စနစ်တကျထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

မိုးမိုးခိုင်