ငါးသိုင်းချောင်း၊ နိုဝင်ဘာ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စုရှိ ငဝန်မြစ်ကမ်းဘေး၌ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုအန္တရာယ် နီးကပ်လျက်ရှိသည့် မြစ်ကမ်းဘေးနေအိမ် သုံးလုံးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများက အချိန်မီ စုပေါင်းကူညီဖြိုဖျက် ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

 

လတ်တလောအခြေအနေတွင် အဆိုပါနေအိမ် သုံးလုံးရှိ အိမ်ထောင်စု သုံးစု၊ အိမ်ထောင်စုဝင် စုစုပေါင်း ၁၃ ဦးကို ကျေးရွာအတွင်းရှိ ဆွေမျိုးသားချင်းများ၏ နေအိမ်ခြံဝန်းအလွတ်များ၌ ယာယီပြောင်းရွှေ့ နေရာချထားပေးထားကြောင်း၊ ကမ်းပြိုအန္တရာယ်ကိုလည်း အဆက်မပြတ် သတိထား စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။

 

ကိုဦး(ငါးသိုင်းချောင်း)