သံဖြူဇရပ် နိုဝင်ဘာ   ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ကျက်သရေဆောင် ကျိုက္ခမီရေလယ်ဘုရား၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည့် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် အေးချမ်းစွာ ဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သိသာစွာလျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်းဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန်ရည်ရွယ်၍ တန်ခိုးကြီးဘုရားဖြစ်သည့် ကျိုက္ခမီရေလယ်ဘုရားတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဘုရားဝတ်ပြု ဆုတောင်းသူများနှင့် ဘုရားပွဲ စျေးရောင်း၊ စျေးဝယ်များဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)