ပဲခူး   နိုဝင်ဘာ   ၁၈

ပဲခူးမြို့နယ် စိုက်ပျိုးရေးစီးဦးဌာနမှ ဦးဆောင်၍ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မယင်းကျေးရွာ ကွင်းအမှတ် ၆၅၉(က)၊ ဦးပိုင်၁/၂၊ တောင်သူဦးငယ်လေး၏ မျိုးစေ့ထုတ် ၁၅ ဧက ဆင်းသုခစပါးစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းခြင်း ပြုလုပ်ခဲ့သည်။

စံကွက်ရိတ်သိမ်းရာသို့ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၊ ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ ပဲခူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်လင်းနှင့် မြို့မိမြို့ဖများ၊ စပါးစိုက်တောင်သူများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ စပါးရိတ်သိမ်းချွေစက်ဖြင့် စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှု့အားပေးကြသည်။

အဆိုပါ တောင်သူဦးငယ်လေး၏ မျိုးစေ့ထုတ် ၁၅ ဧက ဆင်းသုခစပါးစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို ၈၈ ဒသမ ၄၀ တင်း၊ စပါးအခြောက် ၈၀ ဒသမ ၄၀) တင်း ထွက်ရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)