ကျိုက်လတ် နိုဝင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ကျုံသိဝကျေးရွာအုပ်စုတွင် နိုဝင်ဘာ ၁၇ ရက်က ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျုံသိဝကျေးရွာအုပ်စု၌ ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ၃၂ ခု၊ ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် သုံးခု၊ ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ် ၉၁ ခုနှင့် နိုင်ငံသားစိစစ် ရေးကတ် ပျောက်ဆုံး/ ပျက်စီးမိတ္တူ ၁၁၁ ခု စုစုပေါင်း စုစုပေါင်း ၂၅၇ ခုအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)