နောင်ချို နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသယာအေးစေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းက သံသယာအေးစေတီတော် မြတ်ကြီး၏ ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
သံသယာအေးစေတီတော်မြတ်ကြီး၌ နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၂၈) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)


