ကျိုက်ထို   နို၀င်ဘာ   ၁၈

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ်၌ တည်ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား တန်ဆောင်မုန်းလပြည့်နေ့တွင် ပြည်သူများ အေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူ စည်ကားလျက် ရှိသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများက တောင်တက်ကား၊ ကေဘယ်လ်ကားများဖြင့် တောင်တော်ပေါ်သို့ အေးချမ်းစွာ တက်ရောက်ကြပြီး ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင်  ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်ကြသကဲ့သို့ တန်ဆောင်မုန်းလပြည့် ညတွင်လည်း ဆီမီး ၉၀၀၀ ကို ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)