နေပြည်တော် အောက်တိုဘာ ၁၉
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ် မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရ အကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။
အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပြီးတိုင်း၊ ဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို လျက်ရှိသည်။
ထို့အတူ တန်ဆောင်တိုင်မီးထွန်းပွဲတော်များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ထွန်းညှိ ပူဇော်ဖူးမြော်ကြည်ညို ကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံ ၊ မီးအလှများနှင့် ထွန်းညှိပူဇော်ပြီး တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) | ဝင်းအတွင်း၌လည်း လမ်း၊ အဆောက်အအုံများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြုလုပ်သည်။ မီးထွန်းပွဲတော်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်း စွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


