ဗန်းမောက် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မံအင်မင်းကုန်းအုပ်စုနှင့် မံလောင်ပေပင်အုပ်စုတို့၌ မိုးရာသီအတွင်း ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများအား နိုဝင်ဘာ ၁၇ ရက်မှစတင်ကာ ကိုယ့်အားကိုယ်ကိုး လမ်းပြင်လမ်းချဲ့ခြင်းနှင့် သဲကျောက်များခင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ယခုနှစ်မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မံအင်အုပ်စုရှိ နောင်ကွတ်ကျေးရွာ၊ မင်းကုန်းကျေးရွာ၊ အရှေ့ကုန်းကျေးရွာ၊ အနောက်ကုန်းကျေးရွာနှင့် အနောက်တောကျေးရွားများသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း အရှည် ၇ မိုင်အတွင်းရှိ ပျက်စီးခဲ့သည့် လမ်းပိုင်းတချို့ကို မံအင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးဆောင်ကာ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများ၏ ထည့်ဝင်ငွေများ၊ စက်ယန္တရားကြီးများ၊ ကျေးရွာလူထုများ၏ လုပ်အားဒါနများဖြင့် ကိုယ့်အားကိုယ်ကိုး သဲကျောက်များ ခင်းကျင်းကာ လမ်းပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မံလောင်ပေပင်အုပ်စုရှိ သရက်ကုန်းကျေးရွာ၊ ဝေသုခီကျေးရွာ၊ လွင်ကြီးကျေးရွာနှင့် ဟုမ္မလင်းမြို့နယ်များသို့ ဆက်သွယ်ထားသည့် အရှည် ၉ မိုင်အတွင်းရှိ ပျက်စီးခဲ့သော ကျေးရွာချင်းဆက် လမ်းပိုင်တချို့အား အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ဦးဆောင်ကာ ရွေသတ္တုတူးဖော်ရေး လုပ်ငန်ရှင်များ၏ ထည့်ဝင်ငွေ၊ စက်ယန္တယားများဖြင့် ကျေးရွာတစ်အုပ်စုနှင့် တစ်အုပ်စု ကူးသန်းသွားလာနေကြသော ကျေးရွာနေပြည်သူများ သွားလာရေးအအဆင်ပြေစေရန် လမ်းပြင်လမ်းချဲ့၊ သဲကျောက်များ ခင်းကျင်းပေးလျက်ရှိကြောင်း သိရသည်။
လိူင်ဘွား(ဗန်းမောက်)


