မိုင်းခတ် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၆၀ အား နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက RDT test kit ဖြင့် စစ်ဆေးရာ ရဟန်း နှစ်ပါး၊ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၁ ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

အဆိုပါလူနာများအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)