အမာ   နိုဝင်ဘာ   ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အမှတ်(၁)ရပ်ကွက်၊ တိလောကအောင်တော်မူ သာသနာ့ဗိမာန်တော်ကြီးရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နိုဝင်ဘာ ၁၈ ရက် ည ၁၂ နာရီတွင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

 

အမာမြို့ရှိ ပြည်သူများ စုပေါင်းလှူဒါန်းသည့် ကောင်းမှုကုသိုလ်ဖြင့် နှစ်စဉ်ချုပ်လုပ်လှူဒါန်းသော မသိုးသင်္ကန်းကို  ညဦးပိုင်းမှစ၍ ချုပ်လုပ်ခဲ့ပြီး တန်တောင်မုန်းလပြည့် ည ၁၂ နာရီတွင် အမာမြို့ ဥတ္တရာရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဂန္ဓ ဦးဆောင်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကများက မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အမာ(ပြန်/ဆက်)