ဆီဆိုင်   နိုဝင်ဘာ   ၁၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် သီရိရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့သည်။

 

အဆိုပါ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇင်ထွန်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်း၊ စာရင်းမှတ်တမ်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)