နောင်တရား နိုဝင်ဘာ ၁၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အဝင်၌ မော်တော်ယာဉ်မောင်းများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနိုင်ရေးအတွက် RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ပုံမှန်စစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

 

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် Local Semi-Lockdown ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အပြင်ထွက်သွားလာသည့် ပြည်သူများနှင့် ခရီးသွားများကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ပုံမှန်စစ်ဆေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်၌ ဖြတ်သန်း သွားလာသည့် ပြည်သူ ၂၉ ဦးကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ရောဂါပိုး ကူးစက်ခံရသူ မရှိကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)