ဂွ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရဟိုင်ကူးတို့အုပ်စု၊ ရဟိုင်ကွင်းကျေးရွာ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် ၂၀၂၁ ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲအား နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မျိုးစေ့ထုတ် တောင်သူ ဦးသန်းလွင်ဦး၏ ဆင်းသွယ်လတ်မျိုးစေ့ထုတ် တစ်ဧကအား စံကွက်ရိတ်သိမ်းပြီး အထွက် ချိန်တွယ်ခြင်း ဆောင်ရွက်ခဲ့ရာ တစ်ဧက အစိုအထွက် ၁၂၆ တင်းနှုန်း ထွက်ရှိပြီး အခြောက်တစ်ဧက အထွက် ၁၁၁ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်


