ဒေးဒရဲ နိုဝင်ဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက်  ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို  နိုဝင်ဘာ ၁၉ ရက်က ကျုံမှော်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒုတိယလဝကမှူး ဦးကျော်ကျော်နိုင်  ဦးဆောင်သောအဖွဲ့မှ ကျုံမှော်ကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး   နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၃၁)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ(၂၉)ဦး၊ အသက်(၁၀)နှစ်မှအသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်သူ (၃)ဦး၊  နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက် မိတ္တူ(၂၄)ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း  မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။

အေဇာလင်း(ပြန်/ဆက်)