မချမ်းဘော့ နို၀င်ဘာ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိကို မြို့မဈေးအတွင်း ဈေးရောင်းဈေး၀ယ်သူများအား နိုဝင်ဘာ ၂၀ ရက် နံနက် ၆ နာရီမှစတင်ကာ RDT Test Kit ဖြင့် စစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်၀င်းနှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မြို့နယ်ကျန်းမာရေး၀န်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြို့မဈေးအတွင်း ဈေးရောင်း ဈေး၀ယ်သူ ၁၂၂ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ Test Kit ဖြင့် စစ်ဆေးရာ ပိုးတွေ့လူနာ တစ်ဦးတွေ့ရှိပြီး အဆိုပါ ပိုးတွေ့လူနာအား မချမ်းဘော့မြို့ရှိ Positive Centre သို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


