ရေတာရှည် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ဆွာဆည်တမံနှင့် ချောင်းမကြီး(မြို့လှ) ဆည်တမံနှစ်ခုမှ ၂၀၂၁-၂၀၂၂ နွေစပါး ဧက ၉၈၀၀ ကို ရေပေးဝေရန်လျာထားကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
ဆွာဆည်တမံ၊ ရေပေးလက်တံမြောင်း အမှတ် ၂ မှ ရေပေးဝေရာတွင် သိုင်းဝ၊ ကွင်းကြီး၊ ကုန်ကြီး၊ ဆွာမင်းလမ်း၊ သပြေတန်း၊ ညောင်ပင်သာ၊ ဒိုးတန်း၊ ကွမ်းအုံကျေးရွာအုပ်စုအတွင်း နွေစပါး ဧက ၉၅၀၀ ကို ဒီဇင်ဘာ ၁၀ ရက်မှ ရေစတင်ပေးဝေသွားမည်ဖြစ်ပြီး မြို့လှမြို့ အနောက်ဘက်ရှိ ချောင်းမကြီး ဆည်တမံမှ ငွေတောင်၊ မြိုလှ၊ နတ်တောင်ကျေးရွာအုပ်စုများတွင် နွေစပါး စိုက်ဧက ၃၀၀ ကို ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလွင်(ဆွာ)


