မင်းလှ   နိုဝင်ဘာ   ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အသေးစားစီးပွားလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သခွတ်ရင်းအား၌ စီမံကိန်းလုပ်ငန်းများနှင့် စာရင်းဇယားဆောင်ရွက်ထားရှိမှုအခြေအနေများကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်နှင့် ဝန်ထမ်းများက သခွတ်ရင်းကျေးရွာ၌ စီမံကိန်းကော်မတီဝင်များနှင့်အတူ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ စာရင်းဇယားများနှင့် စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျေးရွာ၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၁ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ သုံးဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ လေးဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လိုသူ နှစ်ဦး စုစုပေါင်း ၆၁ ဦးအား စီမံကိန်းလည်ပတ်ရန်ပုံငွေ ကျပ် ၁၉၈ သိန်းအား ထုတ်ချေးလည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးမိုးကျော်