ကလေး  နိုဝင်ဘာ   ၂၀

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ကလေးခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို နိုဝငဘာ ၂၀ ရက် နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး ကလေးမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလှစိုးနှင့် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်စွာထွန်းတို့က ကလေးခရိုင်နှင့် မြို့နယ်များ၏ ဒေသဆိုင်အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုများ၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မြို့သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်လမ်းညွှန် မှာကြားသည်။

ယင်းနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသလျက်ရှိသော လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် ငါးသိန်းတန်ဖိုးရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ကျော်(ပြန်/ဆက်)