ဘိုကလေး နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ (၂)ရပ်ကွက်၊ (၇)လမ်းရှိ နေအိမ်တစ်လုံးမှာ နိုဝင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မီးအားမြှင့်စက် အပူလွန်ပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးပြည့်စိုးထွဋ်နှင့်အဖွဲ့၊ ဘိုကလေး မြို့မရဲစခန်းမှ တာဝန်မှူး ဒုတိယရဲအုပ်ဇော်မင်းထက်နှင့်အဖွဲ့၊ (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့တို့က အများပြည်သူနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ မီးလောင် ကျွမ်းခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။
မိုးစက်(ဘိုကလေး)


