မင်းဘူး   နိုဝင်ဘာ   ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့အဝင် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာဝန်ထမ်းများက နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ထောက်ရှာပင် ကျေးရွာအနီး (၇ ဆူတန်းဘုရား) တောင်တော်ပေါ်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့အဝင် သန့်ရှင်းသာယာ လှပစေရေးအတွက် ဧရာဝတီတံတာ(မကွေး) မင်းဘူးဘက်ခြမ်းရှိ ထောက်ရှာပင်ကျေးရွာအနီး (၇ ဆူတန်းဘုရား) တောင်တော်၊ ရင်ပြင်တော်နှင့် ဘုရားပရိဝုဏ် တောင်စောင်းတစ်လျှောက် ပေါက်ရောက်နေသော မြက်၊ ချုံနွယ်ပိတ်ပေါင်းများ၊ ဘုရားမြင်ကွင်း (View Point)နှင့် မလွတ်ကင်းသောသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို ဌာနဆိုင်ရာများ စုပေါင်း၍ လူအင်းအား ၁၂၀ ကျော်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ခြင်း ဖြစ်သည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ခရိုင်၊ မြိုနယ် ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ထောက်ရှာပင်ရေနံမြေမှ ဝန်ထမ်းများ မြို့နယ် စည်ပင်သာရေးအဖွဲ့ ဝန်ထမ်းများနှင့် ထောက်ရှာပင်ကျေးရွာ ဒေသခံများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)