ညောင်ရွှေ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေး ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေ၊ ဒုတိယ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးငြိမ်းချမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ညောင်ရွှေမြို့တွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု၊ ပါဆယ်စနစ် ရောင်းချမှု ရှိ/မရှိ၊ ဆိုင်ဝန်ထမ်းများ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်း ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်


