ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေတို့နှင့်အတူ ယနေ့ နံနက်  နာရီတွင် ထန်းတပင်မြို့နယ် ထန်းတပင် ကားလမ်းမဘေး အတွင်းသဲဖြူကျေးရွာ သဲဖြူရေပေးဝေ ရေးစခန်းသို့ သွားရောက်၍ ဂါလံ()သန်းဆန့် ရေစုကန်၊ ရေစစ်ကန်၊ ရေတွန်းစက်နှင့် ဓာတ်အားခွဲရုံလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းဝင်းအတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဆောင်ရွက်နေသော အလျားပေ ၄၀  အနံပေ ၄၀  အနက် ၁၀ ပေ ရေဂါလံ ()သိန်းဆန့် ရေစုကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကြီးကြပ်မှုဖြင့် ဧရာနဂါးကုမ္ပဏီနှင့် မောင်နှစ်မသုံးဖော်ကုမ္ပဏီတို့မှ စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က လုပ်ငန်းလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)