တိုကျို နိုဝင်ဘာ ၂၁

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆင့်မြင့်ပညာမှ ယာယီအားဖြင့်သော်လည်းကောင်း၊ အပြီးတိုင်သော်လည်းကောင်း ကျောင်းထွက်သွားကြသည့် ကျောင်းသားဦးရေမှာ ပြီးခဲ့သည့်နှစ်မှ စတင်ကာ သိသိသာသာ များပြားလာခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိခဲ့သည်။

နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာကောလိပ်တို့ကို သုတေသန စစ်တမ်းကောက်ယူခဲ့ရာ ပညာရေးအဖွဲ့ အစည်းပေါင်း ၁၀၀၀ ကပြန်လည် ဖြေကြားခဲ့ကြသည်။ ဧပြီလနှင့် ဩဂုတ်လအတွင်း ကျောင်းသားပေါင်း ၁၂၀၀၀ နီးပါးမှာ ကျောင်းမှထွက်ခဲ့ကြပြီး ကျောင်းသားပေါင်း ၅၀၀၀၀ မှာမူ ယာယီကျောင်းနားခဲ့ကြသည်။

၂၁ ရာခိုင်နှုန်းသော ကျောင်းထွက်သွား ကြသူများနှင့် ၁၆ ရာခိုင်နှုန်းသော ယာယီကျောင်းနားရခြင်း၏ အဓိကအကြောင်းရင်းမှာ ငွေကြေးအခက်အခဲကြောင့်ဖြစ်သည်။

ကပ်ရောဂါကြောင့် ကျောင်းသားပေါင်း ၇၀၁ ဦးကို ပညာရေးတွင် လက်လျှော့စေခဲ့သည်။ အင်စတီကျူးရှင်းများမှ ကျူရှင်ခပေးသွင်းရမည့်အချိန်ကို နောက်ဆုတ်ပေးခဲ့သော်လည်း ငွေရေးကြေးရေး အခက်အခဲရှိနေဆဲပင် ဖြစ်သည်။ သက်သာချောင်ချိရေး လုပ်ဆောင်မှုများကို အင်စတီကျူများနှင့်အတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အင်န်အိတ်ချ်ကေ