နယူးဒေလီ နိုဝင်ဘာ ၂၁

အိန္ဒိယတောင်ပိုင်းပြည်နယ်အန်ဒရာပရာဒေ့ရှ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုဖြစ်ပေါ်ပြီးနောက် လူ ၁၅ ဦးထက်မနည်း သေဆုံးကာ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒေသတွင်းမီဒီယာများတွင် နိုဝင်ဘာ ၂၀ ရက်၌ ဖော်ပြခဲ့ကြသည်။

အဆိုပါရေကြီးမှုဒဏ်ကို ပြည်နယ်တွင်း ခရိုင်လေးခုဖြစ်သည့် ချစ်တော၊ ကန်ဒါပါ၊ ကူနူးနှင့် အနန်တာပေါလ်တို့တွင် ခံစားခဲ့ရသည်။ အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့မှ အဖွဲ့ခုနှစ်ဖွဲ့ကို ရေကြီးမှုဒဏ်ခံဒေသများတွင် တပ်ဖြန့်ချထားကြောင်း သိရသည်။

ပျောက်ဆုံးနေသည့်သူများကို ရှာဖွေရန် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်ဟုလည်း သိရသည်။ ရေကြီးမှုကြောင့် ပြည်နယ်အတွင်းရှိ လမ်းများနှင့်ရထားလမ်းများ ပျက်စီးခဲ့ရသည်။

ဆင်ဟွာ