စေတုတ္တရာ နိုဝင်ဘာ ၂၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာ၌ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ စီ ထောက်ပံ့၍ စုစုပေါင်းငွေကျပ် သိန်း ၄၀၀ နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာများမှာ မကြီးစုကျေးရွာ၊ ကူ​တော်ကျေးရွာ၊ ညောင်အိုင်ကျေးရွာနှင့် ပဇူကျေးရွာတို့ဖြစ်ပြီး VDP စီမံကိန်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၃၀၉ အိမ်၊ အိမ်ထောင်စု ၃၁၂ စု နှင့် လူဦးရေ ၁၁၉၀ ဦးကို အကျိုးပြုနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျေးရွာများ၏ ပကတိ လိုအပ်ချက်များအား ကျေးရွာသူ ကျေးရွာသားများမှ ကိုယ်တိုင်ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေး အစီအစဉ်များ ရေးဆွဲရန်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ ကြားသိရသည်။

 

အထွေး