မုံရွာ နိုဝင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံကာ ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် ကလေးတက္ကသိုလ် ပါမာက္ခချုပ် ဒေါက်တာ ယောဟန်ထွန်းက ကလေးတက္ကသိုလ် သင်ကြားရေး၊ အုပ်ချုပ်ရေး၊ သန့်ရှင်းသပ်ရပ်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ပါမောက္ခချုပ်ဆရာကြီးထံ ကလေးတက္ကသိုလ်ရှိ ဆရာ/ ဆရာမများအတွက် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။

 

mdn

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးကာ ကျောင်းအုပ်ဆရာကြီးထံ ငွေကျပ် ၅ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် Mark ၂၅၀၀ ခုအားပေးအပ်၍ သင်ကြားရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ယင်းနောက် ဝန်ကြီးချုပ်သည် ကလေးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မြို့နယ်နှင့် ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောက်ရွက်နေမှု၊ အခွန်အခ ကောက်ခံနေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနေမှု၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှု၊  မြို့သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဌာနဆိုင်ရာ တာဝန်ရှိသူများကို မိမိတို့ထမ်းဆောင်ရသည့် တာဝန်များအား ကျေပြွန်စွာ ထမ်းဆောင်သွားရေးကို အလေးအနက်ထား မှာကြားသည်။ ထို့နောက် ဝန်ကြီးချုပ်က ကလေးမြို့၊ ခုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းများ၊ ဆေးကုသမှုခံယူနေသော လူနာများအတွက် ငွေကျပ် ၅ သိန်းတန်ဖိုးရှိ စားသေက်ဖွယ်ရာများနှင့် အောက်ဆီဂျင် အသက်ရှူစက် ၅ လုံး၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် ၂၀ အိုးအား ဆေးရုံအုပ်ကြီးထံ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလးမြို့၊ မင်္ဂလာဥယျာဉ် ကျေးရွာရှိ၊ တောင်သူ ဦးမောင်မျိုး ကွင်းအမှတ် ၈၄၃၊ စပါးမျိုးကွဲ ဧရာမင်း ၄ ဒသမ ၅၀ ဧက၊ အတန်းအစားသင့် အဆင့်ရှိ မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ တက်ရာက်ရာ ကလေးခရိုင် စက်မှုလယ်ယာ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်း မိုးစပါး စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအတူ မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးပြီး ၎င်းနေရာအနီးတွင် ဒေသခံတောင်သူ ၆၇ ဦး စိုက်ပျိုးထားသည့် လယ်မြေ ၃၂၈ ဧကအား အကျိုးပြုမည့် အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ ကျောက်ခင်း ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                           

 

တိုင်းဒေသကြီး(ပြန်/ဆက်)

 

mdn