ကံမ နိုဝင်ဘာ ၂၂

                    

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို    နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ  ပင်စင်စားများအား  နေ့အလိုက်ခွဲခြားသတ်မှတ်၍    စနစ်တကျ  ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

               

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ကံမမြို့နယ်တွင် မြို့ပြ ပင်စင် ၆၂၁ ဦး၊ ကာကွယ်ရေး ပင်စင် ၁၃၃ ဦး၊   နိုင်ငံရေးပင်စင် ၉၆ ဦး နှင့်မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ၈ ဦး စုစုပေါင်း ပင်စင်စား ၈၅၈ ဦး ရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)