ကွန်ဟိန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းအား ယနေ့ နံနက်၇နာရီခန့်က မြို့မကျေးရွာ အုပ်စု၊အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တစ်ဦးမှတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး၊ ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားကူးစက်မှု ကွင်းဆက်များ အမြန်ဆုံးဖြတ်တောက်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့တွင် ဝမ်ပန်ကျေးရွာ နှင့် နမ့်ခမ်း ကျေးရွာနေ၊ ဒေသခံပြည်သူ (၂၃)ဦးတို့အား ကိုဗစ်၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးနိုင်ခဲ့ပြီး ရောဂါပိုးမတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ စစ်ဆေးပေးခြင်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန် တာဝန်သူရှိများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)


