ခင်ဦး      နိုဝင်ဘာ      ၂၂
    
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂  ဘဏ္ဍာနှစ် ၊ ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို နိုဝင်ဘာ ၂၂ ရက် ၊ နံနက် ၉ နာရီက ခင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ 
        
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကာ ယင်းသင်တန်းကို ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကင်းပြစ်ကျေးရွာ ၊ တမာကျေးရွာ ၊ ရှာလွင်ကျေးရွာ ၊ အင်ကြင်းပင်ကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး