မတ္တရာ နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများနှင့် ၁၂နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများကို နိုဝင်ဘာ ၂၂ရက်နေ့က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် မြို့နယ်အားကစားရုံတို့တွင် ဆက်လက် ထိုးနှံခဲ့သည်။
ထို့သို့ကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
နိုဝင်ဘာ ၂၂ ရက်အထိ (၅၅၅၄၄)ဦးအား ပထမအကြိမ် နှင့် ( ၃၈၂၅၇ဦး )ဦး အား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


