မြောင်  နိုဝင်ဘာ  ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ယနေ့ နံနက်တွင်  ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

မြောင်မြို့နယ်တွင်ပင်စင်စားများကို တိုက်နယ်အလိုက် ထုတ်ပေးလျက်ရှိရာ ပထမနေ့တွင် မြို့မရပ်ကွက်နှင့် ပရိမ္မတိုက်နယ်၊ ဒုတိယနေ့တွင် ရွှေပန်းတိုက်နယ်နှင့် တတိယနေ့တွင် နဂါးပေါက် တိုက်နယ်တို့အား ထုတ်ပေးလျက်ရှိပြီး မြောင်မြို့နယ်တွင် ပင်စင်စားဉီးရေ စုစုပေါင်း (၁၂၀၇)ဉီးအား လစဉ် ထုတ်ပေးလျက်ရှိကြောင်း မြို့ယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဉီးက ပြောသည်။

 

မြို့နယ် ပြန်/ဆက်