မောက်မယ် နိုဝင်ဘာ ၂၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများကို ယနေ့ နံနက်ပိုင်းက COVID-19 ရောဂါကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး အငြိမ်းစားဝန်ထမ်း (၉၀)ကျော်ရှိပြီး အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများလစာ ထုတ်ရက် မတိုင်မီ(၂၁)ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

 

မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးရာတွင်  COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။  

 

စိုင်းမျိုးသန့်(မောက်မယ်)