မြန်အောင် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ဆင်းသုခမိုးစပါး(Rs to Cs)မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာ၊ မျှင်ဝါးတောင်ကွင်းအမှတ် ၃၅၄၊ ဦးပိုင် ၄၉/၁ တောင်သူ ဦးသောင်းဟန်၊ ဦးသောင်းဌေးတို့၏ လယ်မြေ(၅)ဧကတွင် နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
တောင်သူ ဦးသောင်းဟန်၊ ဦးသောင်းဌေးတို့၏ လယ်မြေ(၅)ဧကတွင် ဆင်းသုခမိုးစပါး(Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းရာတွင် တစ်ဧက အထွက် တင်း အစို (၉၈) တင်း၊ အခြောက် ( ၉၁)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ခုနှစ် ဆင်းသုခမိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်း ဧက (၃၀၀) စိုက်ပျိုးထုတ်လုပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းဗိုလ်(မြန်အောင်)


