အောင်လံ   နိုဝင်ဘာ   ၂၂

 

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက အောင်လံမြို့နယ်အတွင်းရှိ (၁-၈-၂၀၂၁)ရက်နေ့မှ (၃၁-၈-၂၀၂၁)ရက်နေ့အထိ သက်ဆိုင်ရာ Quarantine Center များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ(၉၉၇)ဦးတို့အား ကျွေးမွေးစရိတ်ငွေများ ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ အောင်လံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ Quarantine Center များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာတို့ကို တစ်ဦးလျှင် တစ်ရက် (၄၅၀၀)ကျပ်နှုန်းဖြင့် (၇)ရက်အတွက် ထောက်ပံ့ကြေးငွေကျပ် ၃၁၅၀၀ ကို (၉၉၇)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၃၁၄၀၅၅၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)