မိုးညှင်း   နိုဝင်ဘာ  ၂၂

 

ကချင်ပြည်နယ် အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံလျက်ရှိရာ နိုဝင်ဘာ ၂၁ နံနက် ၈ နာရီခွဲက မိုးညှင်းမြို့နယ်၊ မော်ဟန်ရွာအုပ်ချုပ်​ရေးမှူးရုံးတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြသည်။

 

မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့ကြသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ ကချင်ပြည်နယ် နယ်စပ်ဒေသ မိုးညှင်းမြို့နယ်မှ ပင်လုံကျေးရွာ၊ မြိုင်သာယာကျေးရွာနှင့် ဆယ်မိုင်ကျေးရွာတို့မှ အထက်တန်းနင့် အလယ်တန်းဆင့် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၀)တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

 

နီတိုး