နေပြည်တော် နိုဝင်ဘာ ၂၂

 

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ ပေါင်းစုံတို့ကို ပြန်လည်ကုစားသွားနိုင်ရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများကို ရှေ့တန်းကျစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး ထိုသို့တာဝန် ထမ်းဆောင်ရာတွင် ဆေးရုံ၊ ဆေးခန်းများသည် မရှိမဖြစ်လိုအပ် လျက်ရှိရာ လူနာများအတွက်လည်း များစွာအထောက်အကူဖြစ်သည့် အခန်းကဏ္ဍ၌လည်း ပါဝင်လျက်ရှိသည်။

 

ထိုသို့ နိုင်ငံတော်နှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာများကို အစိုးရ၊ တပ်မတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် မလိုလားသည့် အကြမ်းဖက်အုပ်စုများဖြစ်သော CRPH ၊ NUG ၊ PDF စသည့်အဖွဲ့အစည်းများက နိုင်ငံ့အကျိုးတာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းများအပြင် ဆေးရုံ၊ ဆေးခန်းများကိုလည်း မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ ဆေးရုံ၊ ဆေးခန်း ၂၅ ခု ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည် -

 

အကြမ်းဖက်အဖွဲ့များအနေဖြင့် ဆေးရုံ၊ ဆေးခန်းများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် လူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကိုရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

 

သတင်းစဉ်

 

mdnmdn