ပုသိမ် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်း အားကစားခန်းမ၌ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုး သမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန် ထက်မြက်သော ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာပြီး တိုင်းဒေသကြီး ဂုဏ်ကိုဆောင်ကာ နိုင်ငံတော်အတွက်ကိုပါ ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစား လေ့ကျင့် ယှဉ်ပြိုင်ကစားသွားကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး လက်ရွေးစင်ဟောင်းများမှ သရုပ်ပြကစားခြင်း၊ ပြိုင်ပွဲဝင် အမျိုးသားအသင်းများဖြစ်သော ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစား ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)