မောင်တော နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများ အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၃ ရက်က ဆေးထိုးစုရပ် ကျောင်းများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများမှတ်ယူခြင်း၊ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံ သည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေခြင်း၊ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/မကြီးများ၊ ဆရာ/မများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ ၇၂၉၇ ဦးရှိပြီး သတ်မှတ်စုရပ် (၅၃)နေရာများတွင် (ဒုတိယ)အကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ၁၃၄၃ ဦးထိုးနှံပေးခဲ့ပြီး စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၁၁၅ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)


