ဝါးခယ်မ နိုဝင်ဘာ ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဌာနမှ နိုဝင်ဘာ ၂၂ ရက်က ကျေးရွာအုပ်စု (၂)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ ဘွတ်တန်းကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား အသက် (၁၀) နှစ်ပြည့် နိုင်ကတ် (၇၇)ဦး၊ အသက် (၁၈)နှစ်ပြည့် (၆၁)ဦး စုစုပေါင်း (၁၃၈)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)


